AA အကြမ်းဖက်သောင်းကျန်းသူများ၏ အမာခံတစ်ဦး ထပ်မံဖမ်းဆီးရမိ

Printer-friendly versionSend by email

AA အကြမ်းဖက်သောင်းကျန်းသူများ၏ အမာခံတစ်ဦး ထပ်မံဖမ်းဆီးရမိ

နေပြည်တော် ဇူလိုင် ၁၆

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်၊ ရေနံတွန်ကျေးရွာ၌ ဇူလိုင် ၁၃ ရက်တွင် ဖမ်းဆီးရမိခဲ့သော AA အကြမ်းဖက်သောင်းကျန်းသူ အမာခံတစ်ဦးဖြစ်သည့် စောမောင် (ဘ) ဦးမောင်စောသိန်းအား စစ်ဆေးမေးမြန်းချက်များအရ တစ်ရွာတည်းနေ ညီဖြစ်သူ ညီညီထွန်း (ဘ) ဦးမောင်စောသိန်းသည် AA အကြမ်းဖက်သောင်းကျန်းသူ အမာခံတစ်ဦးဖြစ်ကြောင်း ဝန်ခံထွက်ဆိုသဖြင့် ဇူလိုင် ၁၄ ရက် ညနေ ၃ နာရီခန့်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျေးရွာမှတာဝန်ရှိသူများနှင့်အတူ ရေနံတွန်ကျေးရွာလမ်း အဝင်၊ အထွက်များအားပိတ်ဆို့၍ ညီညီထွန်း၏နေအိမ်အားရှာဖွေရာ အသွား ၉ လက်မခန့်ရှိ ဓားမြှောင်တစ်ချောင်းနှင့် ဓာတ်ခဲအားသွင်းခုံတစ်ခုအပါအဝင် အခြားဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး သက်ဆိုင်ရာသို့ ပို့ဆောင်၍ ဥပဒေနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။