ရာမောင်တံတားနှင့် ကမ်းနီကြား တောင်ပုတ်ကေကျေးရွာအနီးတွင် သင်တန်းသား အရာရှိ၊ စစ်သည်များစီးနင်းလာသော ယာဉ်တန်းအား AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်

Printer-friendly versionSend by email

ရာမောင်တံတားနှင့် ကမ်းနီကြား တောင်ပုတ်ကေကျေးရွာအနီးတွင် သင်တန်းသား အရာရှိ၊ စစ်သည်များစီးနင်းလာသော ယာဉ်တန်းအား AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်

နေပြည်တော် ဇူလိုင် ၂၁

ရန်ကုန်-စစ်တွေ ကားလမ်းမကြီးအတိုင်း မင်းပြားမြို့မှ ကမ်းနီဘက်သို့ သင်တန်းသား အရာရှိ၊ စစ်သည်များ စီးနင်းလာသော တပ်မတော်အုပ်ချုပ်မှု ယာဉ်တန်းတစ်ခုကို AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များက ယမန်နေ့ ည ၉ နာရီခန့်တွင် ရာမောင်တံတားနှင့် ကမ်းနီကြား တောင်ပုတ်ကေကျေးရွာ အနီး နေရာခြောက်နေရာမှ အလစ်အငိုက် ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ တပ်မတော်စစ်ကြောင်းများက အချိန်မီ သွားရောက်ပူးပေါင်း၍ စစ်ကူပစ်ကူဆောင်ရွက်ပေးခဲ့ကြောင်းနှင့် ဖြစ်စဉ်တွင် တပ်မတော်မှ အရာရှိ၊ စစ်သည်တချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အဆိုပါ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။