AA အကြမ်းဖက်သောင်းကျန်းသူတစ်ဦး မြောက်ဦးမြို့နယ်၌ ဖမ်းဆီးရမိ

Printer-friendly versionSend by email

AA အကြမ်းဖက်သောင်းကျန်းသူတစ်ဦး မြောက်ဦးမြို့နယ်၌ ဖမ်းဆီးရမိ

နေပြည်တော် ဩဂုတ် ၁၀

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်၌ AA အကြမ်းဖက် သောင်းကျန်းသူတစ်ဦး ဖမ်းဆီးရမိကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက် အရ သိရသည်။

အဆိုပါ သတင်းထုတ်ပြန်ချက်တွင် ဩဂုတ် ၇ ရက် ညနေ ၆ နာရီမှစ၍ မြောက်ဦးမြို့နယ် တပ်ရင်းဌာနချုပ် တစ်ခုရှိ အရာရှိ၊ စစ်သည်များသည် ရန်သူ့သတင်းအရ လုံခြုံရေးဆောင်ရွက်နေစဉ် ည ၉ နာရီ ၁၅ မိနစ်ခန့်တွင် တပ်ရင်းအမှတ်(၂)ဂိတ်တံခါးကို လူတစ်ဦး လာရောက် တွန်းဖွင့်နေသည်ကို တွေ့ရှိရသဖြင့် လုံခြုံရေးအဖွဲ့က စစ်ဆေးမေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိသဖြင့် သေနတ်ဖြင့် နှစ်ချက် ခြောက်လှန့်ပစ်ခတ်ရာ ထွက်ပြေးသွားသောကြောင့် လိုက်လံဖမ်းဆီးခဲ့ကြောင်း။

ဖမ်းဆီးရမိသူမှာ မြောက်ဦးမြို့နယ် ပုဇွန်ဖေ ကျေးရွာနေ စံရွှေလှိုင် ၄၁ နှစ်ဖြစ်ပြီး ၎င်းကို ဖမ်းဆီးရမိစဉ် အရက်မူးလွန်နေသဖြင့် စစ်ဆေး၍မရဘဲ ဩဂုတ် ၈ ရက် နံနက်ပိုင်းတွင် စစ်ဆေးမေးမြန်းခဲ့ရာ AA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့မှ ကိုယ်ပိုင်အမှတ် AA-၆၇၃၂ တပ်သားအဆင့်ရှိသူ ဖြစ်ကြောင်းနှင့် ၎င်းကို အသေးစိတ် ထပ်မံစစ်ဆေး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေးအတွက် မြောက်ဦးမြို့နယ်ရဲစခန်းသို့ လွှဲပြောင်းအပ်နှံမည်ဖြစ် ကြောင်း ဖော်ပြထားသည်။