AA အကြမ်းဖက်သောင်းကျန်းသူများနှင့် ပတ်သက်ဆက်နွှယ်သူ တစ်ဦး ဖမ်းဆီးရမိ

Printer-friendly versionSend by email

AA အကြမ်းဖက်သောင်းကျန်းသူများနှင့် ပတ်သက်ဆက်နွှယ်သူ တစ်ဦး ဖမ်းဆီးရမိ

နေပြည်တော် ဩဂုတ် ၁၀

ရခိုင်ပြည်နယ် အမ်းမြို့နယ်အတွင်း AA အကြမ်းဖက် သောင်းကျန်းသူများနှင့် ပတ်သက်ဆက်နွှယ်သူ တစ်ဦး ဖမ်းဆီးရမိကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ယင်းသတင်းထုတ်ပြန်ချက်တွင် အမ်းမြို့နယ် အတွင်း လုံခြုံရေးဆောင်ရွက်နေသော ပူးပေါင်းအဖွဲ့ သည် ယာဉ် ဝင်/ထွက် သွားလာမှုများအား စစ်ဆေး လျက်ရှိရာ ဩဂုတ် ၅ ရက် ညနေပိုင်းတွင် စစ်တွေမှ မန္တလေးသို့ ထွက်ခွာလာသော ရွှေလမင်းခရီးသည်ယာဉ်ကို ရပ်တန့်စစ်ဆေးစဉ် ယာဉ်ပေါ်လိုက်ပါလာသူများထဲမှ ပေါက်တောမြို့ သုံးပတ်ချိုင်ကျေးရွာနေ အောင်သိန်းထွန်း ၂၅ နှစ် အား AA အကြမ်းဖက်သောင်းကျန်းသူများနှင့် ပတ်သက်သည့် သတင်းအချက်အလက်များပါရှိသော ဖုန်းနှင့်အတူ စစ်ဆေးတွေ့ရှိခဲ့ကြောင်းနှင့် အောင်သိန်းထွန်း အား တရားဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်နိုင် ရေးအတွက် အမ်းမြို့မရဲစခန်းသို့ စနစ်တကျ လွှဲပြောင်း အပ်နှံခဲ့ကြောင်း ဖော်ပြထားသည်။