ရသေ့တောင်မြို့နယ်၌ တပ်မတော်(ရေ)မှ စစ်ရေယာဉ်များအား AA အကြမ်းဖက်သောင်းကျန်းသူများက နှောင့်ယှက်ပစ်ခတ်တိုက်ခိုက်

Printer-friendly versionSend by email

ရသေ့တောင်မြို့နယ်၌ တပ်မတော်(ရေ)မှ စစ်ရေယာဉ်များအား AA အကြမ်းဖက်သောင်းကျန်းသူများက နှောင့်ယှက်ပစ်ခတ်တိုက်ခိုက်

နေပြည်တော် ဩဂုတ် ၁၁

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်အတွင်း နယ်မြေလုံခြုံရေး ဆောင်ရွက်နေသည့် တပ်မတော် (ရေ) မှ စစ်ရေယာဉ်များအား ဩဂုတ် ၉ ရက် နံနက်ပိုင်းတွင် ထီးဆွဲကျေးရွာနှင့် မင်းကျွန်းအနီးတို့၌ AA အကြမ်းဖက်သောင်းကျန်းသူများက နှောင့်ယှက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ သတင်းထုတ်ပြန်ချက်၌ တပ်မတော်(ရေ)မှ စစ်ရေယာဉ်များသည် နယ်မြေလုံခြုံရေးဆောင်ရွက်ရန် ဩဂုတ် ၉ ရက် နံနက် ၁၀ နာရီခန့်တွင် ရသေ့တောင်မြို့နယ် ရွာသစ်ကေကျေးရွာအနီးမှ မေယုမြစ်အတိုင်း ထွက်ခွာလာစဉ် ထီးဆွဲကျေးရွာ အနီးတွင်လည်းကောင်း၊ ဆက်လက်ထွက်ခွာလာရာ မင်းကျွန်းအနီးတွင်လည်းကောင်း AA အကြမ်းဖက်သောင်းကျန်းသူများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် စတင်နှောင့်ယှက်ပစ်ခတ်တိုက်ခိုက်သဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာ AA အကြမ်းဖက်သောင်းကျန်းသူများ ဆုတ်ခွာ ထွက်ပြေးသွားကြောင်း။

ဖြစ်စဉ်တွင် မင်းကျွန်းအနီး AA အကြမ်းဖက်သောင်းကျန်းသူများ မောင်းနှင်ထွက်ပြေးသွားသော စက်လှေတစ်စင်း မီးလောင်နစ်မြုပ်သွားခဲ့ကြောင်း ဖော်ပြထားသည်။