AA အကြမ်းဖက်သောင်းကျန်းသူများက နယ်မြေခံတပ်ဌာနချုပ် တစ်ခုအား နှောင့်ယှက်ပစ်ခတ်

Printer-friendly versionSend by email

AA အကြမ်းဖက်သောင်းကျန်းသူများက နယ်မြေခံတပ်ဌာနချုပ် တစ်ခုအား နှောင့်ယှက်ပစ်ခတ်



နေပြည်တော် စက်တင်ဘာ ၈

 

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ရေစိုးချောင်းကျေးရွာ တစ်ဝိုက်တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များက အကြမ်းဖက် နှိမ်နင်းမှုစစ်ဆင်ရေးပြုလုပ်နေမှုကို ကျေနပ်မှုမရှိ၍ AA အကြမ်းဖက်သောင်းကျန်းသူများက နယ်မြေခံတပ်ဌာန ချုပ်တစ်ခုအား နှောင့်ယှက် ပစ်ခတ်ခဲ့ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက် အရ သိရသည်။

 

အဆိုပါ သတင်းထုတ်ပြန်ချက်တွင် ရသေ့တောင်မြို့ နယ်အတွင်းရှိ ရေစိုးချောင်း ကျေးရွာအနီး AA အကြမ်းဖက် သောင်းကျန်းသူများက အခြေပြု၍ ဆက်သွယ်ရေးလမ်း ကြောင်းအားပိတ်ဆို့ပြီး အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက စက်တင်ဘာ ၄ ရက်တွင် တန်ပြန်အကြမ်းဖက်နှိမ်နင်းမှု စစ်ဆင်ရေး ပြုလုပ်ခဲ့ရာ AA အကြမ်းဖက်သောင်းကျန်းသူ များ ထိခိုက်ကျဆုံးမှုများစွာဖြင့် ဆုတ်ခွာ ထွက်ပြေးသွားခဲ့ကြောင်း၊ AA အကြမ်းဖက် သောင်းကျန်းသူများအနေဖြင့် ၎င်းတို့၏ အထိနာမှုကို ကျေနပ်မှုမရှိ၍ စက်တင်ဘာ ၇ ရက် မွန်းလွဲပိုင်းတွင် ဘူးသီးတောင်မြို့နယ် ဝါးခုတ်ချောင်း ကျေးရွာရှိ နယ်မြေခံတပ်ဌာနချုပ် တစ်ခုအား လက်နက်ကြီးဖြင့် အဝေးမှ နေ၍ သုံးကြိမ်တိုင်တိုင် နှောင့်ယှက်ပစ်ခတ်ခဲ့ရာ တပ်ဌာနချုပ်ပြင်ပသို့ ကျရောက်ခဲ့ပြီး လူ၊ အဆောက်အအုံ တစ်စုံတစ်ရာ ထိခိုက်မှုမရှိကြောင်းဖော်ပြထားသည်။

 

AA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ရခိုင် ပြည်နယ်မြောက်ပိုင်း၌ ၎င်းတို့၏ အကြမ်းဖက် ရည်ရွယ်ချက်များ အောင်မြင်မှုမရှိ၍ ယခုကဲ့သို့ တပ်ဌာနချုပ်များ၊ နယ်မြေခံ ရဲကင်းများ၊ လမ်း၊ တံတားများအား နှောင့်ယှက်ပစ်ခတ်ခြင်း၊ မိုင်းထောင် ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိရာ လုံခြုံရေးတပ်ဖွဲ့ဝင်များက တန်ပြန်အကြမ်းဖက်နှိမ် နင်းမှုစစ်ဆင်ရေး ပြုလုပ်လျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။