တပ်မတော်စစ်ရေယာဉ်များအား AA အကြမ်းဖက်သောင်းကျန်းသူများက လက်နက်ကြီး လက်နက်ငယ်များဖြင့် ချောင်းမြောင်း နှောင့်ယှက်ပစ်ခတ်တိုက်ခိုက်

Printer-friendly versionSend by email

တပ်မတော်စစ်ရေယာဉ်များအား AA အကြမ်းဖက်သောင်းကျန်းသူများက လက်နက်ကြီး လက်နက်ငယ်များဖြင့် ချောင်းမြောင်း နှောင့်ယှက်ပစ်ခတ်တိုက်ခိုက်

 

နေပြည်တော် စက်တင်ဘာ ၁၈

 

ရခိုင်ပြည်နယ် မေယုမြစ်အတွင်း ပုံမှန်သယ်ယူပို့ဆောင်ရေး ပို့/ကြို ဆောင်ရွက်လျက် ရှိသော တပ်မတော်စစ်ရေယာဉ်များအား AA အကြမ်းဖက်သောင်းကျန်းသူများက လက်နက်ကြီး လက်နက်ငယ်များဖြင့် ချောင်းမြောင်း နှောင့်ယှက်ပစ်ခတ် တိုက်ခိုက် ခဲ့ကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

 

အဆိုပါ သတင်းထုတ်ပြန်ချက်တွင် မေယုမြစ်အတွင်း ရသေ့တောင်မြို့နယ်နှင့် စစ်တွေ မြို့နယ်သို့ ပုံမှန်သယ်ယူပို့ဆောင်ရေး ပို့/ကြိုဆောင်ရွက်လျက်ရှိသော တပ်မတော် စစ်ရေယာဉ် ၃ စီးအား စက်တင်ဘာ ၁၅ ရက် ညနေ ၅ နာရီခန့်တွင် ရွှေလောင်းတင် ကျေးရွာအနီးတွင် လည်းကောင်း၊ စက်တင်ဘာ ၁၇ ရက် နံနက် ၁၀ နာရီခန့်တွင် ရွှေလောင်းတင်ကျေးရွာ တောင်ဘက် မီတာ ၁၀၀၀ ခန့်အကွာမှလည်းကောင်း၊ AA အကြမ်းဖက်သောင်းကျန်းသူများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် စတင် နှောင့်ယှက် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် တပ်မတော်စစ်ရေယာဉ်များပေါ်တွင် လိုက်ပါ လာသည့် တပ်မတော်သားများက ပြန်လည်ပစ်ခတ်ရာမှ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး တပ်မတော်သားအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားသည်။

 

 

AA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ပုံမှန်သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် တပ်မတော်စစ်ရေယာဉ်များအား ကျေးရွာများကို အကာ အကွယ်ပြု၍ မကြာခဏ နှောင့်ယှက်ပစ်ခတ်လေ့ရှိပြီး ယခုနှစ် ဇွန်လမှစ၍ ယခုအချိန် အထိ မေယုမြစ်အတွင်း နှောင့်ယှက်ပစ်ခတ်မှု ၁၄ ကြိမ်ဖြစ်ပွားခဲ့ကြောင်း သတင်း ထုတ်ပြန်ချက်ရ သိရသည်။