ကျောက်ဖြူမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေ

Printer-friendly versionSend by email

ကျောက်ဖြူမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေ

ကျောက်ဖြူ စက်တင်ဘာ ၂၄

ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင် အသိပညာပေးရေးနှင့် သတင်းစုဆောင်း ထုတ်ပြန်ရေးကော်မတီအဖွဲ့ အတွင်းရေးမှူးနှင့် ခရိုင်ပြန်/ဆက် ဝန်ထမ်း များက ယနေ့ မွန်းလွဲ ၁ နာရီတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့၌ ပြည်သူများအား နှာခေါင်းစည်း၊ လက်သန့်ဆေးရည်နှင့် ကိုဗစ်-၁၉ အသိပညာပေး လက်ကမ်း စာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့ သည်။

ထိုသို့ ဆောင်ရွက်ရာတွင် ကျောက်ဖြူခရိုင် အသိပညာပေးရေး နှင့် သတင်းစုဆောင်းထုတ်ပြန်ရေး ကော်မတီအဖွဲ့အတွင်းရေးမှူး ဒေါ်ခင်ယုယုနွယ် ဦးဆောင်၍ ခရိုင် ပြန်/ဆက် ဝန်ထမ်းများက ပြည်သူများအား နှာခေါင်းစည်း အခု ၅၀၀၊ လက်သန့်ဆေးရည်ဘူး ၃၀ နှင့် Stay at Home ကာလအတွင်း ပြည်သူများလိုက်နာရမည့်စည်းကမ်းချက် ခြောက်ချက်၊ ရခိုင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနည်းလမ်းများကို ပြည်သူများအားလုံး လိုက်နာရမည့်အချက် ရှစ်ချက်၊ နောက်ဆက်တွဲရေရှည်ဆိုးကျိုးများပါသည့် ကိုဗစ်-၁၉ အသိပညာပေး လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ ကြသည်။

အဆိုပါ အသိပညာပေးရေးနှင့် သတင်းစုဆောင်းထုတ်ပြန်ရေးကော်မတီအဖွဲ့သည် ကိုဗစ်-၁၉ ရောဂါကူးစက်မှုကာကွယ်နိုင်ရန်၊ ပြည်သူများကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနမှထုတ်ပြန်ချက်များအား အစဉ်အမြဲလိုက်နာစေရန် အသိပညာပေးရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိ ကြောင်းသိရသည်။