မောင်တောမြို့နယ်၌ အခြေခံအိမ်ထောင်စု ၁၂၁၅၆ စုအား တတိယအကြိမ် ထောက်ပံ့ငွေများပေးအပ်

Printer-friendly versionSend by email

မောင်တောမြို့နယ်၌ အခြေခံအိမ်ထောင်စု ၁၂၁၅၆ စုအား တတိယအကြိမ် ထောက်ပံ့ငွေများပေးအပ်

မောင်တော စက်တင်ဘာ ၂၉

ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌ တတိယအကြိမ် ပုံမှန်ဝင်ငွေမရှိသည့် အခြေခံအိမ်ထောင်စု ၁၂၁၅၆ စုအား တစ်အိမ်ထောင်စုလျှင် ငွေကျပ် နှစ်သောင်းနှုန်းဖြင့် နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

ထိုသို့ထောက်ပံ့ငွေပေးအပ်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ် အုပ်ချုပ်ရေးမှူး  ဦးအောင်ရဲက ထောက်ပံ့ပေးရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများမှ တစ်ဆင့် သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကာ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၉၀ ရှိ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံအိမ်ထောင်စု ၁၂၁၅၆ စုအား တတိယအကြိမ်မြောက် တစ်အိမ်ထောင်လျှင် ငွေကျပ် နှစ်သောင်းနှုန်းဖြင့် ငွေကျပ်စုစုပေါင်း ၂၄၃၁၂၀၀၀၀ အား နိုင်ငံတော်က ထောက်ပံ့ပေးပြီး သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးအဖွဲ့ဝင်များက ပုံမှန်ဝင်ငွေမရှိသည့် အခြေခံအိမ်ထောင်စုများ၏ လက်ဝယ်အရောက် ယနေ့မှစတင်၍ ပေးအပ်လျက်ရှိကြောင်း သိရသည်။