ရခိုင်ပြည်နယ် အမ်းမြို့နယ်၌ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စု ၁၀၇၈၂ စုအတွက် ထောက်ပံ့ငွေများပေးအပ်

Printer-friendly versionSend by email

ရခိုင်ပြည်နယ် အမ်းမြို့နယ်၌ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စု ၁၀၇၈၂ စုအတွက် ထောက်ပံ့ငွေများပေးအပ်

အမ်း နိုဝင်ဘာ ၁၆

ရခိုင်ပြည်နယ် အမ်းမြို့နယ်၌ ကိုဗစ်-၁၉ ကူးစက်ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း ရပ်ကွက်၊ ကျေးရွာအုပ်စုများရှိ ပုံမှန်ဝင်ငွေမရှိသည့် အိမ်ထောင်စု ၁၀၇၈၂ စုအား တစ်အိမ်ထောင်လျှင် ငွေကျပ် ၄၀၀၀၀ နှုန်းဖြင့် နိုင်ငံတော်က ထောက်ပံ့ပေးအပ်ခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့မွန်းလွဲ ၁ နာရီက ကျင်းပသည်။

ထိုသို့ ထောက်ပံ့ငွေပေးအပ်ရာတွင် ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရွှေအေးက ထောက်ပံ့ပေးရခြင်းနှင့် ပက်သက်၍ ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများမှတစ်ဆင့် သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စုများရှိ အုပ်ချုပ်ရေးမှူးများထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။

အမ်းမြို့နယ်အတွင်း ရပ်ကွက်/ ကျေးရွာအုပ်စု ၃၆ အုပ်စုရှိ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စု ၁၀၇၈၂ စုအား တစ်အိမ်ထောင်လျှင် ငွေကျပ် ၄၀၀၀၀ နှုန်းဖြင့် စုစုပေါင်း ငွေကျပ် ၄၃၁၂၈၀၀၀၀ အား နိုင်ငံတော်က ထောက်ပံ့ပေးအပ်ပြီး သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စုများရှိ အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များက ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စုများ၏ လက်ဝယ်အရောက် ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။